SIX (2017) TV Series မြန်မာစာတန်းထိုး

SIX (2017) TV Series မြန်မာစာတန်းထိုး

Apr. 21, 2018
Your rating: 0
0 0 votes

Video trailer

Director

Director

Cast

Synopsis

SIX (2017) TV Series မြန်မာစာတန်းထိုး

Imdb Ratings: 7.3/10

Rotten Tomatoes : 62%

Google User : 88 %

Genre: Action, Drama, History

Run Time: 1 hours

အာဖဂန်နစ္စတန် မှာ တာဝန်ကျနေတဲ့ အထူးတပ်ဖွဲ့ ၆ ရဲ့ တပ်စုမှူး ရစ်ချက် တက်ဂက် က အကြမ်းဖက်သမားဆို လက်နက်ချသည်ဖြစ်စေ ဖမ်းမိသည်ဖြစ်စေ အသက်ချမ်းသာပေးလေ့ မရှိဘူး ။ သူ့အတွေးက အကြမ်းဖက်သမားတွေဟာ သေခြင်းနဲ့ပဲ ထိုက်တန်တယ်တဲ့ ။
တစ်နေ့ အာဖဂန်နစ္စတန် ရွာတစ်ရွာမှာ အကြမ်းဖက်သမားခေါင်းဆောင် မူတာခီကို ဝင်ဖမ်းရင်း လက်နက်ချအညံ့ခံတဲ့ လူတစ်ယောက်ကို သတ်လိုက်မိတယ် ။ အဲဒိ စစ်သုံ့ပန်းကို သတ်မိတဲ့ အတွက်ပဲ ရစ်ပ် စစ်တပ်က အထုတ်ခံလိုက်ရတယ် ။
ရစ်ပ် ဟာ စစ်တပ်က ထွက်ပြီး နိုင်ဂျီးရီးယားနိုင်ငံရှိ ပုဂ္ဂလိက ကုမ္မဏီ တစ်ခုမှာ လုံခြုံရေး အလုပ် ဝင်လုပ်တယ် ။ တစ်နေ့ သူအလုပ်လုပ်တဲ့ ကုမ္မဏီက နိုင်ဂျီးရီးယားနိုင်ငံ ဘီနင်းမြို့ အနောက်မြောက်ဘက် မိုင် ၈၀ အကွာက မိန်းကလေး စာသင်ကျောင်းကို ပညာရေးအတွက် ထောက်ပံ့ငွေ သွားလှူကြတယ် ။
အဲဒိအချိန်မှာပဲ ဘိုကိုဟာရမ် အကြမ်းအဖွဲ့က ကျောင်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ကြတယ် ။ ဘိုကိုဟာရမ် အဖွဲ့ဆိုတာ ကျောင်းနေအရွယ် မိန်းကလေးတွေ ပြန်ပေးဆွဲပြီး လိင်ကုန်ကူးဖို့ ရောင်းစားတဲ့ အာဖရိကရဲ့ အကြီးမားဆုံး အကြမ်းဖက်အဖွဲ့စည်းပဲ ဖြစ်တယ် ။
ဘိုကိုဟာရမ်အဖွဲ့ဟာ အဆိုပါကျောင်းကနေ ကျောင်းဆရာမ ၁ ဦး နဲ့ ကျောင်းသူ ၂၄ ယောက်ကို တန်ဆာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ် ။ အမေရီကန်လုံခြုံရေးဝန်ထမ်း ၁ ဦးနဲ့ မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးသူ ၁ ဦးကိုလည်း သတ်သွားတယ် ။ တစ်ခုဆိုးတာက ဘိုကိုဟာရမ်တွေဟာ အထူး တိုက်ခိုက်ရေး အမှတ် ၆ က တပ်စုမှူးဟောင်း ရစ်ပ် ကိုပါ ဖမ်းဆီးသွားကြတယ် ။ ရစ်ပ် ကိုသာ တပ်ဖွဲ့ ၆ က တပ်စုမှူးဟောင်းဆိုတာ သိရင် ရစ်ပ်ရဲ့ အသက်ဟာ မတွေးဝံ့စရာပါပဲ ။ ပြီးတော့ သူ့ကြောင့် စစ်တပ်ရဲ့ လုံခြုံရေးတွေ ဘယ်လောက်ထိ ကျိုးပေါက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး ။
ဘိုကိုဟာရမ်တွေ ဖမ်းဆီးသွားတဲ့ ရစ်ချက် တက်ဂက်ကို ကျန်ရစ်ခဲ့တဲ့ သူ့တပ်ရင်းက ရဲဘော်ဟောင်းတွေက ဘယ်လိုကယ်ကြမလဲ ၊ အကြမ်းဖက်သမားတွေကို ဘယ်လိုတိုက်ခိုက်ပြီး ချေမှူန်းကြမလဲ ဆိုတာ အစ အဆုံး အပိုင်း ၈ ပိုင်းအပြီးနဲ့ ကြည့်ရှူလိုက်ကြပါလို့ ပြောချင်ပါတယ် ။

 Review by Wai Linn Kyaw

Synced & fixed Wai Linn Kyaw
Encoded by Thet Paing Oo

Like Us on Facebook